အဆစ်ရောင်ခြင်းကို သက်သာစေမယ့် နည်းလမ်းများ
အဆစ်တွေက ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လှုပ်ရှားနိုင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အဆစ်တွေက တွယ်ဆက်တစ်ရှူးတွေ အရိုးနုတွေနဲ့ ဖွဲ့စည်းထားပါတယ်။ အဆစ်ထိခိုက်တာက ပြင်းထန်မယ်ဆိုရင် ဆရာဝန်နဲ့ ပြသဖို့ လိုပေမယ့် သိပ်မပြင်းထန်ဘူးဆိုရင်တော့ အဆစ်ရောင်တာကို အခုပြောတဲ့ နည်းလမ်းလေးတွေနဲ့ပဲ သက်သာအောင် လုပ်ပေးလို့ ရပါတယ်။
အဆစ်ရောင်တာကို သက်သာစေဖို့ဆိုရင်
အဆစ်ရောင်တာ သိပ်မပြင်းထန်ဘူးဆိုရင် အခုလို နည်းလမ်းလေးတွေ သုံးပြီး သက်သာအောင် လုပ်ပေးလို့ ရပါတယ်။
- ဆားရည်နွေးနွေး စိမ်တာ
ဆားရည်နွေးနွေး စိမ်ပေးတာကလည်း အဆစ်ရောင်တာ အဆစ်နာတာတွေကို သက်သာစေနိုင်ပါတယ်။ ဆားရည်နွေးနွေးလေးထဲမှာ အနည်းဆုံး ၁၅ မိနစ်လောက် စိမ်ထားပါ။
- ရေနွေးဝတ်ကပ်ပါ
အဆစ်နာတဲ့နေရာကို ရေနွေးအိတ် ကပ်ပေးတာကလည်း အဆစ်ရောင်တာကို သက်သာစေမယ့် အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုပါ။ ၁၅ မိနစ်လောက် ကပ်ထားပေးပါ။ သွေးလည်ပတ်မှု ကောင်းစေပြီး အဆစ်ရောင်တာကို သက်သာစေနိုင်မှာပါ။
- ရေခဲဝတ် ကပ်ပါ
ရေခဲဝတ် ကပ်တာကလည်း အဆစ်တွေ နာကျင်ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။
- လိမ်းဆေး လိမ်းပါ
နာကျင်နေတဲ့ အဆစ်နေရာကို အိမ်တိုင်းမှာရှိတဲ့ ဒဏ်ကြေလိမ်းဆေး လိမ်းပေးတာကလည်း အဆစ်ရောင်တာကိုရော နာကျင်မှုကိုပါ သက်သာစေမှာပါ။
- သက်တောင့်သက်သာနေပါ
အဆစ်နာတာ ရောင်တာတွေ ဖြစ်နေချိန်မှာ လှုပ်လှုပ်ရှားရှား မလုပ်ဘဲ သက်တောင့်သက်သာလေး နားပေးတာက အဆစ်ရောင်တာကို သက်သာစေဖို့ ထောက်ကူပေးမှာပါ။
အဆစ်တွေရောင်နေချိန်မှာ အဆစ်တွေထဲက တင်းအားတွေ ပြေလျော့စေဖို့ လေ့ကျင့်ခန်း လုပ်ပေးတာကလည်း အဆစ်ရောင်တာကို သက်သာစေမှာပါ။
- နှိပ်နယ်ပေးပါ
အဆစ်ရောင်နေတဲ့ နေရာကို လက်ချောင်းလေးတွေနဲ့ ခပ်ဖွဖွလေး နှိပ်ပေးတာက အဆစ်တွေကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး အဆစ်တွေရောင်တာကိုရော နာတာကိုပါ သက်သာစေမှာပါ။
အဆစ်ရောင်တာကြောင့် စိတ်ရောကိုယ်ပါ ထိခိုက်မခံဘဲ ဒီနည်းလမ်းလေးတွေနဲ့ ဖြေရှင်းပါ။
မွန်မွန်